Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow

Saturday, December 4, 2010


အရေးပေါ်အကူအညီများ... အရေးပေါ်လိုအပ်လျှက်ရှိသည်...။

ဂီရိလေမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် ပေါက်တောမြို့ နယ်မှာ လူနေအိမ်အဆောက်အဦးများ.. ဘုရားကျောင်းကန်များ... စာသင်ကျောင်းများနှင့် လယ်ယာမြေများစွာ ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ရန်ကုန်မြို့ ရှိ ပေါက်တောမြို့ နယ် သာရေး နာရေးအသင်းမှ အလှူရှင်များရဲ့ လှူဒါန်းသော အလှူငွေနှင့်
အလှူပစ္စည်းများ ရယူလက်ခံပြီး... လေဘေးသင့်ရာ နေရာဒေသများသို့  ကိုယ်တိုင်သွားရောက်ကာ
အလှူရှင်များရဲ့ ဆန္ဒနှင့်အညီ အကူအညီရထိုက်သော ဒုက္ခသည်များလက်ဝယ်သို့  မှန်မှန်ကန်ကန်ရောက်
ရှိစေရန် စနစ်တကျ စီစဉ်လုပ်ဆောင်ပေးလျှက်ရှိပါသည်။
ဦးဆောင်ဆရာတော်နှင့်အဖွဲ့ တို့ သည်.. ပေါက်တောမြို့ နယ် မုန်းတိုင်းသင့်ဒေသသို့ ကိုယ်တိုင်သွားရောက်
ကာ ကူညီလှူဒါန်းခဲ့သော နေရာဒေသများရဲ့  ကိုယ်တွေ့ မြင်ကွင်းများ....၊
၁။ ပေါက်တောမြို့ နယ် ပိန္နဲချောင်းကျွန်း..  ပြတင်းကျေးရွာ
၂။ ပေါက်တောမြို့ နယ် အင်္ဂရားချိုင်ကျွန်း...  ဗျိုင်းသစ်ကျေးရွာ
၃။ပေါက်တောမြို့ နယ် ဇီးတော ( ခေါ် ) ပြင်ကြီးကျေးရွာ
၎။ ပေါက်တောမြို့ နယ် ငရဗချိုင်ကျေးရွာ
စသောရွာများမှာ ဘုန်းကြီးကျောင်း ... စာသင်ကျောင်း..လူနေအိမ်များ လုံးဝ မြေကြီးပေါ်မှာ ပြားချပ်သွား
အောင် လုံးဝ( လုံးဝ ) ပျက်စီးသွားခဲ့ရသောကြောင့်... အရေးပေါ်အကူအညီများ... ပြန်လည်ထူထောင်ရေး
အကူအညီများ အရေးတကြီးလိုအပ်နေပါသဖြင့် ပြည်ပနေရာများတွင်ရောက်ရှိနေထိုင်နေကြသော ရခိုင်သူ
ရခိုင်သားများနှင့် အသင်းအဖွဲ့ များ... မြန်မာပြည်ဖွားမြန်မာတိုင်းရင်းသားများအနေနှင့် စုပေါင်းပါဝင်လှူဒါန်း
ခြင်းနှင့် ကူညီမှု့ များပြုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

































Modified by

Pouk Taw

TOP